Friday, October 31, 2014

Internship Award for Myanmar!!

ADB advertises internship assignments three times per year and welcomes motivated, open-minded, and self-directed individuals to apply.
The internship program offers the opportunity to:
  • work in a major international development organization;
  • work collaboratively with experienced professionals from over 50 different countries;
  • gain a deeper understanding of development finance and the impact of the work ADB does; and
  • contribute to ADB's business through research outputs.
http://www.adb.org/site/careers/internship-program

Wednesday, October 22, 2014

Smithsonian Institution Fellowship Program

The Smithsonian Institution Fellowship Program is open to:
  1. Graduate Students
  2. Predoctoral Students
  3. Postdoctoral Researchers and
  4. Senior Researchers
http://www.smithsonianofi.com/fellowship-opportunities/smithsonian-institution-fellowship-program/

Research Fellowship in Agricultural Economics


The James Hutton Institute is offering an exciting opportunity to join a team of researchers at the institute developing sustainable agricultural production systems, as part of the TB Macaulay Research Fellowship in Agricultural Economics.
http://www.hutton.ac.uk/careers

Saturday, October 18, 2014

ဒီလ ၂၅-၁၀-၂၀၁၄ မှာ စတင်မည့် lotus +

စိုက်ပျိုးရေးကျောင်းသားတွေ အထူးအခွင့်အရေးလို့ ပြောချင်ပါတယ်..။ မြန်မာတစ်နိုင်ငံလုံး မှာမှ စိုက်ပျိုးရေးကျောင်းသား အတွက် အထူးသီးသန့် ဖြစ်ပါတယ်။ ဂုဏ်ယူစရာ လုပ်မကောင်းပေ မယ့် ကျွန်ပ်ကတော့ ပီတီဖြစ်ရပါတယ်။။ အောက်ပါ လင့်မှာ ၀င်ရောက်လေ့လာ နိုင်ပါတယ်..။

http://www.lotusplus.eu/general_information
ဒါက ပင်မ လင့် ဖြစ်ပါတယ်။

http://www.lotus.ugent.be/index.asp?p=1966&a=1956

Tuesday, October 14, 2014

အခမဲ့ လေ့လာနိုင်သော အင်္ဂလိပ်စာ Website များရှိပါသလား?

အခမဲ့ လေ့လာနိုင်သော အင်္ဂလိပ်စာ Website များစွာ ရှိပါသည်။ မိမိထက် အင်တာနက်ကို ကျွမ်းကျင်ပိုင်နိုင်သူများ ပိုမို သိနိုင်ပါလိမ့်မည်။
မိမိအနေဖြင့် လေ့လာဖြစ်သော သိထားသော အခမဲ့ လိပ်စာများအား (free online webside) ဒီနေရာတွင် ဖော်ပြအပ်ပေသည်။
1. http://alison.com/ 

2. http://www.worldenglishinstitute.org/

3. https://www.edx.org/

4. http://www.bbc.co.uk/learningenglish/

5.http://learnenglish.britishcouncil.org/en/

အင်္ဂလိပ်စာ အတွက် ဘယ်လို ပြင်ရမလဲ။


Scholarship အများစုကတော့ IELTS 6 or 6.5, TOEFL 550> တောင်းလေ့ရှိတယ်။ အဆင်သင့်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော်တို့ YAU က ညီ၊ ညီမငယ်တွေကတော့ IELTS Test Result အဆင်သင့် မရှိလောက်သေးဘူး။ မိဘဆီက တောင်းနေရတုန်းဆိုရင်တော့ 145$ ဆိုတဲ့ ကုန်ကျစရိတ်ကလည်း များတာကိုးဗျ။ Application form ဖြည့်ရာမှာ Medium of Learning is English ဆိုရင် တော့ ကျွန်တော်တို့ အတွက် ကောင်းပြီပေါ့။ ဒါဆိုရင် အင်္ဂစာဌာနက ဆရာ၊ ဆရာမများဆီမှာ Recommendation Letter သွားတောင်းပြီး ထည့်ပေးလိုက်ပေတော့။ IELTS က မဖြစ်မနေ ဆိုရင်တော့ Application form ဖြည့်ရာမှာ ကျွန်သည် IELTS ဖြေရန် ပြင်ဆင်နေပါသည်။ IELTS Result ရလျှင်ရချင်း ပို့ပေးပါမည် ဆိုပြီးတော့သာ တင်လိုက်တော့။ ပြီးရင် စာမေးပွဲ ဖြေဖို့ လေလာထားတော့။ Scholarship information တစ်ခုခု ရတာနဲ့ ၀င်ဖြေမယ်၊ ရရင် ပို့လိုက်မှာပေါ့။ အင်္ဂလိပ်စာ ဖြေဖို့ရွေးရာမှာ ကျွန်တော်ကတော့ TOEFL ထက် IELTS ကို ပိုသဘောကျတယ်။ Reading Portion က အထူးတလည် လေ့လာစရာ မလိုဘူး။ Listening Portion ကို သေချာလေ့ကျင့်ထားရင် Speaking Portion ပါ တိုးတက်လာလိမ့်မယ်။ Writing Portion က အချိန်သိပ်ယူစရာ မလိုဘူး။ အကြိုက်ကတော့ တစ်မျိုးစီပေါ့ဗျာ။ အားသန်တာကိုသာ စာမေးပွဲ ပုံစံဝင်အောင် လေ့လာပေတော့။
(ကောင်းမြတ် ၂၀၀၂- YAU) 

Recommendation Letter ဘယ်သူ့ဆီက တောင်းရမလဲ။


Scholarship အများစုကတော့ Recommendation or Referee Letter နှစ်စောင် (သို့) သုံးစောင် တောင်းလေ့ ရှိပါတယ်။ အလုပ်ခွင် အတွေ့အကြုံရှိသူများကတော့ လွယ်တာပေါ့။ မရှိသူများကတော့ YAU က ဆရာကြီး၊ ဆရာမကြီးများကိုဘဲ အကူအညီတောင်းခံရမှာပေါ့။ ဆရာကြီး၊ ဆရာမကြီးများက အလုပ်အရမ်းရှုပ်ကြတာနော်။ အကောင်းဆုံးကတော့ ကိုယ်အရင်းနှီးဆုံး ကိုယ့်ပါမောက္ခဆီကို အရင်သွားပါ။ သွားတဲ့ အချိန်မှာ ကိုယ်ရဲ့ CV, Certificates, ဘွဲ့လက်မှတ်၊ Scholarship အတွက် သတင်း အချက်အလက် အပြည့်အစုံ ယူသွားပါ။ ဆရာကြီး၊ ဆရာမကြီးများရဲ့ အချိန် မကုန်ပါစေနဲ့။ ဆရာကြီး၊ ဆရာမကြီးများက ရေးပေးမယ်ဆိုရင် ကျောင်းသားရေးရာ ဌာနကို အရင်သွားပြီး လျှောက်လွှာဖြည့်မယ်။ ဆရာကြီး၊ ဆရာမကြီးများဆီမှာ လက်မှတ်ထိုးပြီးရင် ငွေကိုင်ဌာနမှာ ပိုက်ဆံ သွင်းရမယ်။ ဆရာကြီး၊ ဆရာမကြီးများ အားတဲ့အချိန်ဆိုရင် ရပြီပေါ့။ Recommendation or Referee Letter ရေးပေးသူက ဌာနတစ်ခုရဲ့ အကြီးဆုံးဆီက ရခဲ့ရင် Scholarship လျှောက်ရာမှာ အမှတ်ပိုရတယ်။ ဦးစားပေး ခံရလေ့ရှိတယ်။ ဒီလို Recommendation Letter ကို ရက်ရက်ရောရော ရေးပေးတတ်တာ ကျွန်တော်တို့ YAU က ဆရာကြီး၊ ဆရာမကြီးများရဲ့ စေတနာ၊ မေတ္တာတွေပါ။ နိုင်ငံခြားမှာ ဒီလို ရဖို့ မလွယ်ပါဘူးဗျ
 (ကောင်းမြတ် ၂၀၀၂-YAU)

ကျောင်းလျှောက်ဖို့အတွက် ဘယ်လိုပြင်ဆင်မလဲ?

ကျောင်းလျှောက်ရာတွင် ပဲ ဖြစ်ဖြစ်၊ စကောလားရှစ် လျှောက်ရာတွင် ပဲဖြစ်ဖြစ် ယခုခေတ်တွင် online application ကို အများအားဖြင့် အသုံးပြုနေကြသည်ကို တွေ့ မိသည်။ တချို့က ထင်မြင်ပေလိမ့်မည်။  online application လျှောက်မည် ဆိုလျှင် အိုင်တီ (IT) နည်းပညာ ကျွမ်းကျင်မှ ဟု ထင်ကြသည်။ အမှန်မှာ အိုင်တီကို အခြေခံလောက် သိရုံမျှနှင့်ပင် လုံလောက်ပြီး ကျောင်းလျှောက်ဖို့အတွက် ပြုလုပ်နိုင်ပေမည်ဟု ထင်မြင်မိသည်။  မိမိတွင် email, gmail အကောင့်တစ်ခုခု ရှိနေပြီးဆိုကာမျှ နှင့်  online application ပေါ်တွင် ကျောင်းလျှောက်နိုင်သော အကောင့်တစ်ခု ပြုလုပ်နိုင်ပေလိမ့်မည်။ လိုအပ်သည် စာရွက်စာတမ်းများအားလုံးကို စကန် (scan) ဖတ်ပြီး ထားပါက လွန်စွာ အဆင်ပြေပေလိမ့်မည်။ ကျောင်းလျှောက်မည့် အကောင့်ဖြင့် အွန်လိုင်းပေါ်တွင် submit မလုပ် မခြင်း မိမိ ကျောင်းလျှောက်လွှာကို သိမ်းဆည်းထားနိုင်သည်။ 

အောက်တွင် ဖော်ပြထားသော အကြောင်းအရာများသည် လည်း သင့်အတွက် အခွင့်ကောင်းဖြစ်ပေလိမ့်မည်။ (admin)


Application Form ဖြည့်ရင် အများဖတ်နေကြ Time New Roman or Arial Font များသုံးပါ။ Alginment ကို Justified ထားပေးပါ။ Line Spacing နဲ့ Paragraph Spacing များ ညီပစေပေါ့။ ဖတ်ချင်စဖွယ် ဖြစ်နေအောင် သန့်ရှင်း သပ်ရပ်နေပါစေ။ Bold လုပ်သင့်တဲ့ နေရာ လုပ်ပေါ့။ ကဲ ကြည့်စမ်း Scholarship အတွက် တာဝန်ယူ စစ်ဆေးသူက လက်ခံလိုက်တော့ ပမာဏ အဆင့်မှာ ကိုယ်ပါသွားပြီ။ (ကောင်းမြတ်)

Contact Us (Q & A)

foxyform

IRRI calls for Ph.D students

More than 50 research topics that fall under the six GRiSP research themes are offered as options for Ph.D. scholarships. The description of each research topic expounds on research content and identifies the host institute for the research as well as the contact information. Interested parties are encouraged to find out more by sending inquiries to grispscholarships@irri.org.

ဘွဲ့ အထောက် အထားများ ဘယ်လို ပြင်ဆင်မလဲ? How do we prepare the graduated certificate (BC, MC) ?

 စကောလားရှစ် သို့မဟုတ် ကျောင်းလျှောက်မည့် ညီငယ်ညီမငယ်များ မေးလေ့ရှိသော မေးခွန်းတစ်ခု ဖြစ်ပါသည်။ ကျောင်းလျှောက်ရာတွင် သို့မဟုတ် စကောလားရှစ်လျှောက်ရာတွင် မိမိတို့၏ ဘွဲ့ ဒီဂရီနှင့် စပ်လျဉ်းပြီး ကျွမ်းကျင်မူ ကို ပြသကြရပါမည်။ ပုံမှန်အားဖြင့် BC MC ဟု ပြောလျှင် သဘောပေါက်ကြလိမ့်မည် ဖြစ်ပါသည်။ ဘွဲ့ နှင့်စပ်လျဉ်းပြီး လိုအပ်သော စာရွက်စာတမ်းများအားလုံးကို သက်ဆိုင်ရာ ကျောင်း သို့မဟုတ် တက္ကသိုလ် ဒီဂရီကောလိပ် များတွင် ကျောင်းသားမှတ်တမ်းများအား နှစ်စဉ်အလိုက် ထားရှိသိမ်းဆည်းထားပြီးသားဖြစ်ပါသည်။ လိုအပ်သောစာရွက်စာတမ်း များမှာ True Copy, BC, MC, GPA (Grade Point Average), GCA (Grade Class Average), Transcript, ( University) English Language Proof, စသည်များဖြစ်ပါသည်။  

ွှအထက်ပါ စာရွက်စာတမ်းများကို သက်ဆိုင်ရာကျောင်းက တောင်းခံရာမှာ အခက်ခဲ မရှိလောက်ဘူးထင်ပါတယ်။ သို့သော်  ကျောင်းမလျှောက်ခင်တစ်လလောက်ကတည်းက ပြင်ဆင်သင့်ပါတယ်..။ transcript တောင်းခံရာတွင် မိမိလျှောက်မည့် ကျောင်းလိပ်စာ  သို့မဟုတ် စကော်လားရှစ် လိပ်စာ ကို ပြသ ရမည်ဖြစ်ပါသည်။ 

အောက်တွင် ကိုကောင်းမြတ် (YAU) မှ လိုအပ်ချက်များကို အကျဉ်း မိတ်ဆက်ပေးထားပါသည်။ 


ဒီကိစ္စကတော့ YAU ကျောင်းသားရေးရာ ဌာနကို သွားဖို့လိုလာပြီ။ ပထမနှစ်ကနေ နောက်ဆုံးနှစ် အထိ Grade, Mark Certificates, GPA များ လျှောက်ထားရပါမယ်။ ကျောင်းပြီးနှစ်ပေါ် မူတည်ပြီး ၉ ရွက် (သို့) ၁၁ ရွက်ပါ။ Certifiacte တွေရရင် ဘွဲ့လက်မှတ်ပါ ပေါင်းပြီးရင် True Copy (၅) စုံလောက် လုပ်ထားပါ။ Scholarship လျှောက်ရင် စာတိုက်ကနေ ပို့ဖို့ အဆင်သင့် ဖြစ်နေပြီပေါ့။ ကိုယ်လျှောက်မယ့်ကျောင်း သိရင်တော့ Transcript နှစ်ခု တစ်ခါတည်း လျှောက်ပါ။ တစ်ခုကို ဖွင့်ပြီး Scan ဖတ်ထားပါ (ကျောင်းသားရေးရာ ဌာနကတော့ ဖွင့်ခွင့် မပေးဘူးလေ)။ Online လျှောက်ရင် လိုမှာမို့လို့ ဖွင့်သာ ဖွင့်လိုက်ပါ။ Transcript ဆိုတာက GPA ထက် နည်းနည်းဘဲ ထူးခြားတာပါ။ Grade, Mark Certificates, GPA, ဘွဲ့လက်မှတ် အားလုံးကို Scan ဖတ်ပါ။ jpg format နဲ့ Save ပါ။ ပြီးရင် Scan ဖတ်ထားသမျှ အားလုံးကို ဖိုင်တစ်ခုတည်း ဖြစ်အောင် Adobe Acrobat Professional နဲ့ PDF format ပြောင်းပြီး Name_Personal Qualification file ဆိုပြီး သိမ်းထားပါ။ အခြားသင်တန်း တက်ထားဖူးလို့ ရထားတဲ့ Certificate များ ရှိရင်လည်း တစ်ခါတည်း ပေါင်းထည့်ထားလိုက်ပေါ့။ ဖတ်ရတာများလွန်းလို့ မျက်စိညောင်းပြီး မျက်နှာရှုံ့နေပြီလား။ ခဏလေး သည်းခံပေးနော်။ အရေးကြီးဆုံးက အခုမှလာမှာ။ ကျွန်တော်မျိုး ဘိတ်သားက စကားဝဲ သလို စကားလည်း ပေါပါ့နော်။ ဟဲ..ဟဲ..။ (ဒီအပိုင်းရေးရင် ကျောင်းသားရေးရာ ဌာနက ကျွန်တော့် Transcript နဲ့ True Copy သွားလျှောက်ရင် လက်မှတ်ထိုးပေးနေကြ ဆရာများ နှင့် နင် Scholarship မြန်မြန် ရမှဘဲ ငါတို့လည်း မျက်စိနောက်၊ နားငြီးသက်သာမယ်ဆိုပြီး Scholarship မြန်မြန်ရအောင် ဆုတောင်းပေးတတ်၊ Transcript မြန်မြန်ရအောင်လုပ်ပေးလေ့ရှိတဲ့ မမ များကို ကျေးဇူးတင်ပါတယ်။ သတိလည်း ရပါတယ်ဗျာ။) (ကောင်းမြတ်)

Monday, October 13, 2014

Motivation Letter ဘယ်လို ရေးမလဲ

Motivation letter ကလည်း တစ်မျက်နှာ ကျော်ကျော်လောက်ဆိုရင် ရပြီ။ ဘာတွေရေးရင် ကောင်းမလဲ။ အဓိက ပါရမှာက ဒီဘာသာရပ်က ဘာကြောင့် အရေးကြီးတာလဲ။ ဘာဖြစ်လို့ စိတ်ဝင်စားရတာလဲ။ ဒီဘာသာရပ်ကို တက်ခွင့်ရရင် နိုင်ငံရပ်ခြားရဲ့ ဘာသာစကား၊ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ နိုင်ငံရပ်ခြား ဒေသန္တရ ဗဟုသုတရဖို့၊ သူတို့နိုင်ငံများက နည်းပညာအသစ်တွေ လေ့လာဖို့ပေါ့။ နိုင်ငံတကာာ သူငယ်ချင်းတွေရလာမယ်။ သင်တန်းပြီးလို့ ကျွန်တော်တို့ နိုင်ငံပြန်လာရင် နိုင်ငံရဲ့ ကျေးလက်ဒေသ ဖွံဖြိုးရေး စီမံကိန်းတွေမှာ လေ့လာခဲ့တာတွေကို ပြန်လည် အသုံးချမယ်။ နိုင်ငံရဲ့ ဘယ်အပိုင်းတွေက ဘယ်လိုတွေ တိုးတက်အောင် လုပ်ဖို့လိုနေတာတွေ ရေးရမှာပေါ့။ တကယ်ပါ ဒီခေတ်ကြီးမှာ INGO & LNGO တွေက ကျွန်တော်တို့ စိုက်ပျိုးရေးသမားတွေ အတွက် အလုပ်လုပ်ဖို့ အခွင့်အရေးတွေ အများကြီး ပေးနေပါပြီ။ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန် တိုးတက်နေအောင် ကြိုးစားထားဖို့တော့ လိုအပ်နေပြီပေါ့။ 
(ကောင်းမြတ်)

သုတေသနပရိုပိုဆယ် ကျွန်တော် ဘယ်လိုပြင်မလဲ ? How can i prepare the research proposal?

ပထမ အကြိမ်လျှောက်ရာမှာ Proposal က နှစ်မျက်နှာ လောက်ဘဲ လိုတာဆိုတော့ ပြောရရင် လွယ်ပါတယ်။ ကိုယ်လျှောက်မယ့် စကောလားရှစ်ပေးတဲ့ အဖွဲ့အစည်းရဲ့ Website ကို သွားပြီး သူတို့ကြေညာချက်ကို သေသေ ချာချာ ဖတ်ပါ။ မှတ်စု လုပ်ထားပါ။ YAU စာကြည့်တိုက်ကို သုံးခွင့် ရှိသူတွေကတော့ ကံကောင်းတာပေါ့ဗျာ။ YAU သွားဖို့ အချိန်မရသူများကတော့ မှတ်စုက တစ်ချက်ချင်းစီကို Google မှာ ရှာပါ။ Print ထုတ်ပြီး ဖတ်ပါ။ စု၊ တု၊ ပြု လုပ်ပါ။ နမူနာ ရေးပြီးရင် YAU က ဆရာ၊ ဆရာမများဆီသွားပြီး အကြံပြုချက်တောင်းခံပါ။ ဘာမှ အလုပ်မလုပ် သေးဘဲနဲ့တော့ ဆရာ၊ ဆရာမများကို အလုပ်မရှုပ်ပါစေနဲ့။ ကဲ အားကြိုးမာန်တက် ကြိုးစားရင် နှစ်မျက်နှာ လောက်ဘဲရှိတဲ့ Proposal တစ်စောင်က ခဏလေးဘဲလေ (ကောင်းမြတ်)

Scholarship Opportunities through Erasmus Mundus

Scholarship Opportunities through Erasmus Mundus

https://docs.google.com/presentation/d/1hITzWzrl7FzqjUfBK8TlosHidzlYWHQab0FVW0IYFJM/edit?usp=sharing

Sunday, October 12, 2014

Erasmus Mundus AgriTrain Ph.D scholarship

http://agtrain.eu/

စကောလားရှစ်လျှောက်ရာတွင် သိကောင်းစရာများ (ကောင်းမြတ် -2002 YAU)

https://www.blogger.com/blogger.g?blogID=3223087647163737407#editor/target=post;postID=8363984401584795722;onPublishedMenu=allposts;onClosedMenu=allposts;postNum=0;src=postname

စကောလားရှစ်လျှောက်ရာတွင် သိကောင်းစရာများ (ကောင်းမြတ် -2002 YAU)


ဤစာကို စကောလားရှစ်လျှောက်ရန် အတွက် မေးမြန်းကြသော ညီ၊ ညီမငယ်တို့ အတွက် အဓိက ရည်ရွယ်ပါတယ်။ State Scholarship ရရှိနိုင်သော ၀န်ထမ်းများအတွက်လည်း အထောက်အကူ ပြုနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် ခင်ဗျား။ ကျွန်တော်လိုမျိုး လမ်းညွှန်သူမရှိ စမ်းတ၀ါးဝါး ဘ၀ဆိုရင် အချိန်ကုန်နေမှာ စိုးလို့ပါ။ Deadline နီးမှ ပျာပျာသလဲနဲ့ ပင်ပန်းကြမယ့် ညီ၊ ညီမငယ်တွေ ကြိုတင် ပြင်ဆင်နိုင်အောင် စာကြည့်တာ ခဏ ချထားပြီး မြန်မာလို ကျွမ်းကျွမ်းကျင်ကျင် မရိုက်တတ်ဘဲနဲ့ ရေးလိုက်တာပါဗျာ။ စာရေးချင်တဲ့ ၀ါသနာက တားမရဘူးဆိုတော့ နားလည်ပေးပါ ခင်ဗျား။
စကောလားရှစ် ဆိုတာက ရှင်းရှင်းပြောရရင် အလှူရှင်တွေ ထောက်ပံ့တဲ့ငွေကြေးနဲ့ ကိုယ်ရဲ့ ပညာရေး တိုးတက်အောင် ကြိုးစားတာပါ။ အလှူရှင်တွေကလည်း အလားအလာကောင်းရှိသူတွေကိုဘဲ ပေးလေ့ ရှိတာဆိုတော့ ကိုယ်ဘက်ကလည်း အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပြီပေါ့။ ပြင်ဆင်ရမှာတွေကို အောက်မှာ တစ်ချက်ချင်း အသေးစိတ် ကြည့်ရအောင်နော်။
(၁) ဘာကြောင့် စကောလားရှစ်လျှောက်ရတာလဲ။
အဓိက ကတော့ ကိုယ့်ပိုက်ဆံ မကုန်ဘဲ ပညာရေး တိုးတက်ဖို့၊ နိုင်ငံရပ်ခြား ဒေသန္တရ ဗဟုသုတရဖို့ နဲ့ လေ့လာ သင်ကြားခဲ့တာတွေကို ကိုယ့်ပြည်တွင်းမှာ ပြန်လည် ဖန်တီး အသုံးချဖို့ပါ။ ကျွန်တော်တို့ရဲ့ မိခင် YAU ကပေးတဲ့ မဟာသိပ္ပံဘွဲ့၊ ဒေါက်တာဘွဲ့တွေကရော အဖိုးမတန်ဘူးလားလို့ မမေးစမ်းပါနဲ့။ YAU မှာ မဟာသိပ္ပံဘွဲ့ အတွက် လေ့လာခဲ့ရတာတွေက တန်ဖိုးရှိလွန်းလို့။ အခု ဒီနိုင်ငံမှာ ကျောင်းတက်တော့ အခက်အခဲမရှိ နိုင်ငံခြားသားတွေနဲ့ တန်းတူ လိုက်နိုင်တယ်။ ပြည်တွင်းမှာ ကျောင်းဆက်တက်ဖို့က ပိုက်ဆံတော့ ကုန်တာပေါ့။ တကယ် ပြောရရင် YAU ရဲ့ မဟာသိပ္ပံသင်တန်းက အခြားတက္ကသိုလ်တွေထက် အကုန်အကျ သက်သာပါတယ်။ မယုံမရှိနဲ့။ ပိုက်ဆံမရှိဘဲနဲ့ မဟာသိပ္ပံသင်တန်း ပြီးအောင်တက်နိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့ ကိုယ်တွေ့ပါဗျ။
(၂) ဘယ်သူတွေ စကောလားရှစ်လျှောက်သင့်တာလဲ။
စကောလားရှစ်လျှောက်ချင်ရင်တော့ Undergraduate က ကိုယ့်ရဲ့ Grade Point Average (GPA) ကို ပြန်ကြည့်ပါ။ GPA က 3.7 / 3.8 ကျော်ရင်တော့ လျှောက်ဖို့ပြင်တာပေါ့။ မကျော်ဘူးဆိုရင်တော့ လုပ်ငန်း အတွေ့အကြုံ များများရအောင် အရင်လုပ်လိုက်ပြီးမှ လျှောက်မှာပေါ့။ GPA ကလည်း 4.5 ထက်ကျော်၊ သင်တန်းတက်ထားတဲ့ လက်မှတ်တွေကလည်းများ၊ လုပ်ငန်း အတွေ့အကြုံလည်း ရှိပြီဆိုရင်တော့ ကိုယ်နဲ့ဆိုင်တဲ့ ဘာသာရပ်မှာ စကောလားရှစ်လျှောက်ရင် ရနိုင်ပြီလို့ မှတ်ပေတော့။
(၃) ဘယ်လို CV ပုံစံကို သုံးသင့်သလဲ။
စကောလားရှစ်ပေးတဲ့ နိုင်ငံပေါ် မူတည်ပြီး သုံးရမယ့် CV ပုံစံ ကွာပါတယ်။ ဥရောပ နိုင်ငံများက ဆိုရင် Europass CV မှ လက်ခံပါတယ်။ အာရှနိုင်ငံတွေက ပုံစံ တစ်မျိုးပါ။ အများတကာသုံးတဲ့ ယေဘုယျ ပုံစံကိုတော့ မသုံးစေချင်ပါဘူး။ အချက်အလက် ပြည့်စုံအောင် ဖော်ပြခွင့် မရှိလို့ပါ။ ကျွန်တော့်မှာ ဆိုရင် CV ပုံစံ စုံလွန်းလို့ တစ်ခါတစ်လေ မျက်စိလည်နေတယ်။ CV ပုံစံ နမူနာလိုရင် Email သာပို့လိုက်ပါ။ ကျွန်တော် ပို့လိုက်ပါ့မယ်။
(၄) Proposal ဘယ်လို ပြင်ရမှာလဲ။
ပထမ အကြိမ်လျှောက်ရာမှာ Proposal က နှစ်မျက်နှာ လောက်ဘဲ လိုတာဆိုတော့ ပြောရရင် လွယ်ပါတယ်။ ကိုယ်လျှောက်မယ့် စကောလားရှစ်ပေးတဲ့ အဖွဲ့အစည်းရဲ့ Website ကို သွားပြီး သူတို့ကြေညာချက်ကို သေသေ ချာချာ ဖတ်ပါ။ မှတ်စု လုပ်ထားပါ။ YAU စာကြည့်တိုက်ကို သုံးခွင့် ရှိသူတွေကတော့ ကံကောင်းတာပေါ့ဗျာ။ YAU သွားဖို့ အချိန်မရသူများကတော့ မှတ်စုက တစ်ချက်ချင်းစီကို Google မှာ ရှာပါ။ Print ထုတ်ပြီး ဖတ်ပါ။ စု၊ တု၊ ပြု လုပ်ပါ။ နမူနာ ရေးပြီးရင် YAU က ဆရာ၊ ဆရာမများဆီသွားပြီး အကြံပြုချက်တောင်းခံပါ။ ဘာမှ အလုပ်မလုပ် သေးဘဲနဲ့တော့ ဆရာ၊ ဆရာမများကို အလုပ်မရှုပ်ပါစေနဲ့။ ကဲ အားကြိုးမာန်တက် ကြိုးစားရင် နှစ်မျက်နှာ လောက်ဘဲရှိတဲ့ Proposal တစ်စောင်က ခဏလေးဘဲလေ။
(၅) Motivation Letter ဘယ်လို ရေးရမလဲ။
Motivation letter ကလည်း တစ်မျက်နှာ ကျော်ကျော်လောက်ဆိုရင် ရပြီ။ ဘာတွေရေးရင် ကောင်းမလဲ။ အဓိက ပါရမှာက ဒီဘာသာရပ်က ဘာကြောင့် အရေးကြီးတာလဲ။ ဘာဖြစ်လို့ စိတ်ဝင်စားရတာလဲ။ ဒီဘာသာရပ်ကို တက်ခွင့်ရရင် နိုင်ငံရပ်ခြားရဲ့ ဘာသာစကား၊ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ နိုင်ငံရပ်ခြား ဒေသန္တရ ဗဟုသုတရဖို့၊ သူတို့နိုင်ငံများက နည်းပညာအသစ်တွေ လေ့လာဖို့ပေါ့။ နိုင်ငံတကာာ သူငယ်ချင်းတွေရလာမယ်။ သင်တန်းပြီးလို့ ကျွန်တော်တို့ နိုင်ငံပြန်လာရင် နိုင်ငံရဲ့ ကျေးလက်ဒေသ ဖွံဖြိုးရေး စီမံကိန်းတွေမှာ လေ့လာခဲ့တာတွေကို ပြန်လည် အသုံးချမယ်။ နိုင်ငံရဲ့ ဘယ်အပိုင်းတွေက ဘယ်လိုတွေ တိုးတက်အောင် လုပ်ဖို့လိုနေတာတွေ ရေးရမှာပေါ့။ တကယ်ပါ ဒီခေတ်ကြီးမှာ INGO & LNGO တွေက ကျွန်တော်တို့ စိုက်ပျိုးရေးသမားတွေ အတွက် အလုပ်လုပ်ဖို့ အခွင့်အရေးတွေ အများကြီး ပေးနေပါပြီ။ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန် တိုးတက်နေအောင် ကြိုးစားထားဖို့တော့ လိုအပ်နေပြီပေါ့။
(၆) Application Form ဘယ်လို ပြင်ရမလဲ။
Application Form ဖြည့်ရင် အများဖတ်နေကြ Time New Roman or Arial Font များသုံးပါ။ Alginment ကို Justified ထားပေးပါ။ Line Spacing နဲ့ Paragraph Spacing များ ညီပစေပေါ့။ ဖတ်ချင်စဖွယ် ဖြစ်နေအောင် သန့်ရှင်း သပ်ရပ်နေပါစေ။ Bold လုပ်သင့်တဲ့ နေရာ လုပ်ပေါ့။ ကဲ ကြည့်စမ်း Scholarship အတွက် တာဝန်ယူ စစ်ဆေးသူက လက်ခံလိုက်တော့ ပမာဏ အဆင့်မှာ ကိုယ်ပါသွားပြီ။
(၇) ဘွဲ့အထောက်အထား အတွက် ဘာတွေ တင်ပြရင်ကောင်းမလဲ။
ဒီကိစ္စကတော့ YAU ကျောင်းသားရေးရာ ဌာနကို သွားဖို့လိုလာပြီ။ ပထမနှစ်ကနေ နောက်ဆုံးနှစ် အထိ Grade, Mark Certificates, GPA များ လျှောက်ထားရပါမယ်။ ကျောင်းပြီးနှစ်ပေါ် မူတည်ပြီး ၉ ရွက် (သို့) ၁၁ ရွက်ပါ။ Certifiacte တွေရရင် ဘွဲ့လက်မှတ်ပါ ပေါင်းပြီးရင် True Copy (၅) စုံလောက် လုပ်ထားပါ။ Scholarship လျှောက်ရင် စာတိုက်ကနေ ပို့ဖို့ အဆင်သင့် ဖြစ်နေပြီပေါ့။ ကိုယ်လျှောက်မယ့်ကျောင်း သိရင်တော့ Transcript နှစ်ခု တစ်ခါတည်း လျှောက်ပါ။ တစ်ခုကို ဖွင့်ပြီး Scan ဖတ်ထားပါ (ကျောင်းသားရေးရာ ဌာနကတော့ ဖွင့်ခွင့် မပေးဘူးလေ)။ Online လျှောက်ရင် လိုမှာမို့လို့ ဖွင့်သာ ဖွင့်လိုက်ပါ။ Transcript ဆိုတာက GPA ထက် နည်းနည်းဘဲ ထူးခြားတာပါ။ Grade, Mark Certificates, GPA, ဘွဲ့လက်မှတ် အားလုံးကို Scan ဖတ်ပါ။ jpg format နဲ့ Save ပါ။ ပြီးရင် Scan ဖတ်ထားသမျှ အားလုံးကို ဖိုင်တစ်ခုတည်း ဖြစ်အောင် Adobe Acrobat Professional နဲ့ PDF format ပြောင်းပြီး Name_Personal Qualification file ဆိုပြီး သိမ်းထားပါ။ အခြားသင်တန်း တက်ထားဖူးလို့ ရထားတဲ့ Certificate များ ရှိရင်လည်း တစ်ခါတည်း ပေါင်းထည့်ထားလိုက်ပေါ့။ ဖတ်ရတာများလွန်းလို့ မျက်စိညောင်းပြီး မျက်နှာရှုံ့နေပြီလား။ ခဏလေး သည်းခံပေးနော်။ အရေးကြီးဆုံးက အခုမှလာမှာ။ ကျွန်တော်မျိုး ဘိတ်သားက စကားဝဲ သလို စကားလည်း ပေါပါ့နော်။ ဟဲ..ဟဲ..။ (ဒီအပိုင်းရေးရင် ကျောင်းသားရေးရာ ဌာနက ကျွန်တော့် Transcript နဲ့ True Copy သွားလျှောက်ရင် လက်မှတ်ထိုးပေးနေကြ ဆရာများ နှင့် နင် Scholarship မြန်မြန် ရမှဘဲ ငါတို့လည်း မျက်စိနောက်၊ နားငြီးသက်သာမယ်ဆိုပြီး Scholarship မြန်မြန်ရအောင် ဆုတောင်းပေးတတ်၊ Transcript မြန်မြန်ရအောင်လုပ်ပေးလေ့ရှိတဲ့ မမ များကို ကျေးဇူးတင်ပါတယ်။ သတိလည်း ရပါတယ်ဗျာ။)
(၈) Recommendation Letter ဘယ်သူ့ဆီက တောင်းရမလဲ။
Scholarship အများစုကတော့ Recommendation or Referee Letter နှစ်စောင် (သို့) သုံးစောင် တောင်းလေ့ ရှိပါတယ်။ အလုပ်ခွင် အတွေ့အကြုံရှိသူများကတော့ လွယ်တာပေါ့။ မရှိသူများကတော့ YAU က ဆရာကြီး၊ ဆရာမကြီးများကိုဘဲ အကူအညီတောင်းခံရမှာပေါ့။ ဆရာကြီး၊ ဆရာမကြီးများက အလုပ်အရမ်းရှုပ်ကြတာနော်။ အကောင်းဆုံးကတော့ ကိုယ်အရင်းနှီးဆုံး ကိုယ့်ပါမောက္ခဆီကို အရင်သွားပါ။ သွားတဲ့ အချိန်မှာ ကိုယ်ရဲ့ CV, Certificates, ဘွဲ့လက်မှတ်၊ Scholarship အတွက် သတင်း အချက်အလက် အပြည့်အစုံ ယူသွားပါ။ ဆရာကြီး၊ ဆရာမကြီးများရဲ့ အချိန် မကုန်ပါစေနဲ့။ ဆရာကြီး၊ ဆရာမကြီးများက ရေးပေးမယ်ဆိုရင် ကျောင်းသားရေးရာ ဌာနကို အရင်သွားပြီး လျှောက်လွှာဖြည့်မယ်။ ဆရာကြီး၊ ဆရာမကြီးများဆီမှာ လက်မှတ်ထိုးပြီးရင် ငွေကိုင်ဌာနမှာ ပိုက်ဆံ သွင်းရမယ်။ ဆရာကြီး၊ ဆရာမကြီးများ အားတဲ့အချိန်ဆိုရင် ရပြီပေါ့။ Recommendation or Referee Letter ရေးပေးသူက ဌာနတစ်ခုရဲ့ အကြီးဆုံးဆီက ရခဲ့ရင် Scholarship လျှောက်ရာမှာ အမှတ်ပိုရတယ်။ ဦးစားပေး ခံရလေ့ရှိတယ်။ ဒီလို Recommendation Letter ကို ရက်ရက်ရောရော ရေးပေးတတ်တာ ကျွန်တော်တို့ YAU က ဆရာကြီး၊ ဆရာမကြီးများရဲ့ စေတနာ၊ မေတ္တာတွေပါ။ နိုင်ငံခြားမှာ ဒီလို ရဖို့ မလွယ်ပါဘူးဗျ။ (ကျွန်တော် Recommendation Letters တောင်းတိုင်း ရေးပေးလေ့ရှိသော ဆရာကြီး ဦးလှအောင်၊ ဆရာကြီး ဒေါက်တာမြင့်သောင်း၊ ဆရာမကြီး ဒေါက်တာ ဒေါ်ခင်လေးဆွေ၊ ဆရာမကြီး ဒေါက်တာ ဒေါ်ညိုညို၊ ဆရာ ဒေါက်တာ ဦးမျိုးကြွယ် တို့အား ဤနေရာမှ ကန်တော့ပါတယ် ခင်ဗျား)။
(၉) အင်္ဂလိပ်စာ အတွက် ဘယ်လို ပြင်ရမလဲ။
Scholarship အများစုကတော့ IELTS 6 or 6.5, TOEFL 550> တောင်းလေ့ရှိတယ်။ အဆင်သင့်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော်တို့ YAU က ညီ၊ ညီမငယ်တွေကတော့ IELTS Test Result အဆင်သင့် မရှိလောက်သေးဘူး။ မိဘဆီက တောင်းနေရတုန်းဆိုရင်တော့ 145$ ဆိုတဲ့ ကုန်ကျစရိတ်ကလည်း များတာကိုးဗျ။ Application form ဖြည့်ရာမှာ Medium of Learning is English ဆိုရင် တော့ ကျွန်တော်တို့ အတွက် ကောင်းပြီပေါ့။ ဒါဆိုရင် အင်္ဂစာဌာနက ဆရာ၊ ဆရာမများဆီမှာ Recommendation Letter သွားတောင်းပြီး ထည့်ပေးလိုက်ပေတော့။ IELTS က မဖြစ်မနေ ဆိုရင်တော့ Application form ဖြည့်ရာမှာ ကျွန်သည် IELTS ဖြေရန် ပြင်ဆင်နေပါသည်။ IELTS Result ရလျှင်ရချင်း ပို့ပေးပါမည် ဆိုပြီးတော့သာ တင်လိုက်တော့။ ပြီးရင် စာမေးပွဲ ဖြေဖို့ လေလာထားတော့။ Scholarship information တစ်ခုခု ရတာနဲ့ ၀င်ဖြေမယ်၊ ရရင် ပို့လိုက်မှာပေါ့။ အင်္ဂလိပ်စာ ဖြေဖို့ရွေးရာမှာ ကျွန်တော်ကတော့ TOEFL ထက် IELTS ကို ပိုသဘောကျတယ်။ Reading Portion က အထူးတလည် လေ့လာစရာ မလိုဘူး။ Listening Portion ကို သေချာလေ့ကျင့်ထားရင် Speaking Portion ပါ တိုးတက်လာလိမ့်မယ်။ Writing Portion က အချိန်သိပ်ယူစရာ မလိုဘူး။ အကြိုက်ကတော့ တစ်မျိုးစီပေါ့ဗျာ။ အားသန်တာကိုသာ စာမေးပွဲ ပုံစံဝင်အောင် လေ့လာပေတော့။
ညီ၊ ညီမငယ်တို့ရေ အပေါ်က အချက်တွေကို သေသေချာချာ ပြင်ဆင်ထားရင် Deadline နီးမှ ပျာပျာသလဲနဲ့ မပင်ပန်းကြတော့ဘူးပေါ့။ Scholarship လျှောက်တာကို ကျကျနန ပြင်ဆင်ထားရင် နောက်ဆုံးမှာ တကယ်ရတာပါဘဲ။ အရေးကြီးတာတွေကတော့ စိတ်ရှည်ရှည်နဲ့ တောက်လျှောက် လုပ်နေဖို့ဘဲ။ ဘာသာရေး လုပ်ဖို့လည်း မမေ့နဲ့နော်။ အချိန်တန်ရင် ဇွဲရဲ့အကျိုး၊ ကံကောင်းခြင်းရဲ့ အကျိုးကို ခံစားရမှာပါ။ မယုံမရှိနဲ့ ကိုယ်တွေ့တွေကို ပြောနေတာဗျ။
စာမေးပွဲ ပြီးမှဘဲ Scholarship ရာသီအလိုက် Scholarship တွေကို ဇယားဆွဲပြီး ပို့ပေးလိုက်မယ်။ အချိန်တိုအတွင်း Scholarship များများ ရနိုင်ကြပါစေ။ (မြန်မာလို သိပ်မပြောတတ်လို့ အသုံးအနှုန်းမှားတာရှိရင် တောင်းပန်ပါတယ်ဗျ။)
မေတ္တာဖြင့်
ကောင်းမြတ် (2002 YAU)

SERI Myanmar

For the applicants of Myanmar, SERI was open and invites you to apply for the Ph.D, post-doc, and research scholarship opportunities. Good Luck! 
http://www.sbfi.admin.ch/themen/01366/01380/02175/02298/index.html?lang=en

Erasmus Mundus Master Degree Program

EM master courses on 6 major field of studies, with a variety of degree seeking programs! Check it out! 
http://eacea.ec.europa.eu/erasmus_mundus/results_compendia/selected_projects_action_1_master_courses_en.php
<div class="fb-comments" data-href="http://erasmusmyanmarnetwork.blogspot.be/" data-width="600" data-numposts="10" data-colorscheme="light"></div>

WWF Prince Bernhard Scholarships for Nature Conservation

WWF Prince Bernhard Scholarships for Nature Conservation
Applications (the form can be downloaded with informationon how to complete the form in English, French & Spanish posted to the right of this page) should be submitted to the candidate's nearest WWF or Associate Office and the deadline for submission is mid-January of each year. The list of WWF Office Contacts can also be downloaded to the right.
http://wwf.panda.org/how_you_can_help/volunteer/prince_bernhard_scholarships/

<div class="fb-comments" data-href="http://erasmusmyanmarnetwork.blogspot.be/" data-width="600" data-numposts="10" data-colorscheme="light"></div>

International Programmes in Germany 2015


Hi dear all! I found the following link is more easier to doodle the program that you might interested in. Good Luck!
https://www.daad.de/deutschland/studienangebote/international-programs/en/

စကောလားရှစ် ပညာ သင်ဆု တကယ်လိုချင်ပါသလား ? Do you want to receive scholarship for your studying??

မြန်မာနိုင်ငံသည် ဒီမိုကရေစီ ခေတ်တစ်ခေတ်ဆီသို့ ဦးတည်ပျံသန်းလျက်ရှိသည်။ နိုင်ငံသစ်၏ ပြုပြင် ပြောင်းလဲ လာသော မူဝါဒအသစ်များကြောင့်လည်းကောင်း၊ ထောင်စုနှစ် စီမံကိန်း ၏ မူဝါဒတစ်ခုဖြစ်သော လူသားအရင်းမြစ် ဖွံ့ ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ဆောင်ချက်များကြောင့်လည်း ကောင်း၊ မြန်မာ့အစိုးရ အသစ်၏ဥရောပနိုင်ငံများအဖွဲ့ အစည်းအပါအ၀င်   နိုင်ငံတကာရေးရာ ဆက်ဆံရေးများ ပြေပြစ် ချောမော လာသော ကြောင့်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းတော်တော်များများမှ မြန်မာနိုင်ငံရှိ လူသား အရင်းမြစ် တိုးတက်ရေးအတွက် အဓိကဖြစ်သော ပညာရေး ဖွ့ံဖြိုးတိုးတက်ရေးအတွက် ပညာသင် အထောက်အပံ့များစွာ ပေးအပ်လျက်ရှိနေပါသည်။ဤအချိန်အခါတွင် နိုင်ငံတကာမှ ပြည်တွင်းပြည်ပ အဆင့်မြင့် တက္ကသိုလ်များတွင် ပညာသင်ကြားလိုသော မြန်မာနိုင်ငံရှိ ကျောင်းသူ၊ ကျောင်းသားများအား ပညာရေးနယ်ပယ်အသီးသီး တွင် ပညာသင်ကြားနိုင်စေရန် ပညာသင်စရိတ် စကောလားရှစ် များ ထောက်ပံ့ပေးအပ်သော အခွင့်လမ်းများဖြစ်ထွန်းလျက်ရှိနေပါသည်။ Erasmus Myanmar Network (facebook) တွင် စကောလားရှစ် သတင်းအချက်လက်များအား ရယူနိုင်သော်လည်း စကောလားရှစ် လျှောက်ရာတွင်  ပြီးပြည့်စုံစွာ ဖော်ပြနိုင်ခြင်းမရှိသဖြင့်လည်းကောင်း၊ ဥရောပသို့ လာရောက်ပါက ရောက်ရှိ နေပြီးသော မြန်မာ့မိတ်ဆွေများမှ တဆင့် ဗဟုသုတများ ရယူနိုင်စေရန်အတွက် လည်းကောင်း ရည်သန်သော စိတ်ကူးများစွာဖြင့် ယခုဘလော့ဂ်အား ဖန်တီးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံရှိ ကျောင်းသား ကျောင်းသူများနှင့်နယ်ပယ်အသီးသီးမှ ပညာသင်ကြားလိုသောမိတ်ဆွေများသည် စကောလား ရှစ် လျှောက်ရန် အခက်ခဲများစွာ ရှိနေပေလိမ့်မည်။ ထိုအရေးကို ရှေးရှူးလျက် ပညာသင်ကြား လိုသော မည့်သည့်မြန်မာနိုင်ငံသား မဆို စကောလားရှစ် အခွင့်လမ်းများကို လက်မလွှတ် သွားစေရန် လည်းကောင်း၊ အခက်ခဲများအား အတွေ့ အကြုံများမှတဆင့်ပညာဗဟုသုတ ယူလျက် ကျော်လွှားသွား နိုင်စေရန်လည်းကောင်း၊မြန်မာ့ပညာသစ်ခေတ်တစ်ခုဆီမှသည် မြန်မာ့နိုင်ငံဖွံ့ ဖြိုး တိုးတက်စေရန် ရည် သန်လျက် ဤဘလော့ဂ်အား ပြုလုပ်လိုက်ရခြင်း ဖြစ်ပေသည်။

What are the required documents for the scholarship application?? စကောလားရှစ် အတွက်လိုအပ်သော စာရွက်စာတမ်းများ

 ကျောင်းသားအများစု စကောလားရှစ် လျှောက်ဖို့ရာတွင် ဘာလို စာရွက်စာတမ်းများ လိုအပ်ပါသနည်း မေးလေ့ရှိကြပါသည်။ ယခုအောက်တွင် သင်တို့၏ စကောလားရှစ် လျှောက်ဖို့ ရာတွင် စာရွက်စာတမ်းများကို တွေ့ ရှိနိုင်ပါသည်။

  • ကိုယ်ရေးအကျဉ်း (ယူရိုဖော်မတ် စီဗီကို ရယူလိုပါလျှင် ဒီနေရာတွင် နှိပ်ပါ)
  • စိတ်ပါဝင်စားရမူအရင်းခံအကြောင်း (အက်ဆေး)
  • တက္ကသိုလ်ဘွဲ့  (ဘွဲ့ ကြို သို့မဟုတ် ပထမဘွဲ့ + မဟာဘွဲ့ သို့မဟုတ် ဘွဲ့ လွန်)
  • နှစ်စဉ်အလိုက် အမှတ်စာရင်း နှင့် တက္ကသိုလ်ဘွဲ့ အမှတ်စုပေါင်း
  • ဘာသာရပ်ပေါင်းဆိုင်ရာ ရမှတ်မှတ်တမ်း
  • ထောက်ခံချက်စာ နှစ်စောင် (ပညာရပ်ဆိုင်ရာ သို့မဟုတ် မိမိလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မူ)
  • အင်္ဂလိပ်သာသာရပ်ဆိုင်ရာ ကျွမ်းကျင်မူ  
  • တခြားသော အသိအမှတ်ပြု သို့မဟုတ် တရားဝင် ထူးချွန်စာရွက်စာတမ်းများ (ပူးတွဲ နိုင်ပါသည်) 

Most students usually make a question "what are the required documents needed for the scholarship application". Generally, you may find the following required documents for the scholarship application.

  • Europass CV (if you want format Europass CV, pls click here)
  • Motivation Letter
  • Bacheloar Degree (+Master Degree Certificate)
  • Mark and Grade Certificate, GPAs, True Copy
  • Transcript (s) (approved by University)
  • Recommendation Letters (at least two letters) (academic RL or Professional RL)
  • Evidence of English Language Proficiency (TOFEL/IELTS/ University Recommendation) 
  • Other Certificate (s)  

Scholarship

We will update the scholarship information.

New blog created for sharing scholarship information

Hello Everyone,
Today, i have a great pleasure to have created a new blogger. I will use this blog mainly for  the purpose of sharing scholarship news and informations. As for a page of scholarship subject, you are welcome for sharing scholarship informations, discussion about your difficulties and things in doing your scholarship and application processes.