Scholarship အများစုကတော့ IELTS 6 or 6.5, TOEFL 550> တောင်းလေ့ရှိတယ်။ အဆင်သင့်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော်တို့ YAU က ညီ၊ ညီမငယ်တွေကတော့ IELTS Test Result အဆင်သင့် မရှိလောက်သေးဘူး။ မိဘဆီက တောင်းနေရတုန်းဆိုရင်တော့ 145$ ဆိုတဲ့ ကုန်ကျစရိတ်ကလည်း များတာကိုးဗျ။ Application form ဖြည့်ရာမှာ Medium of Learning is English ဆိုရင် တော့ ကျွန်တော်တို့ အတွက် ကောင်းပြီပေါ့။ ဒါဆိုရင် အင်္ဂစာဌာနက ဆရာ၊ ဆရာမများဆီမှာ Recommendation Letter သွားတောင်းပြီး ထည့်ပေးလိုက်ပေတော့။ IELTS က မဖြစ်မနေ ဆိုရင်တော့ Application form ဖြည့်ရာမှာ ကျွန်သည် IELTS ဖြေရန် ပြင်ဆင်နေပါသည်။ IELTS Result ရလျှင်ရချင်း ပို့ပေးပါမည် ဆိုပြီးတော့သာ တင်လိုက်တော့။ ပြီးရင် စာမေးပွဲ ဖြေဖို့ လေလာထားတော့။ Scholarship information တစ်ခုခု ရတာနဲ့ ၀င်ဖြေမယ်၊ ရရင် ပို့လိုက်မှာပေါ့။ အင်္ဂလိပ်စာ ဖြေဖို့ရွေးရာမှာ ကျွန်တော်ကတော့ TOEFL ထက် IELTS ကို ပိုသဘောကျတယ်။ Reading Portion က အထူးတလည် လေ့လာစရာ မလိုဘူး။ Listening Portion ကို သေချာလေ့ကျင့်ထားရင် Speaking Portion ပါ တိုးတက်လာလိမ့်မယ်။ Writing Portion က အချိန်သိပ်ယူစရာ မလိုဘူး။ အကြိုက်ကတော့ တစ်မျိုးစီပေါ့ဗျာ။ အားသန်တာကိုသာ စာမေးပွဲ ပုံစံဝင်အောင် လေ့လာပေတော့။
(ကောင်းမြတ် ၂၀၀၂- YAU)
No comments:
Post a Comment