Sunday, October 12, 2014

စကောလားရှစ် ပညာ သင်ဆု တကယ်လိုချင်ပါသလား ? Do you want to receive scholarship for your studying??

မြန်မာနိုင်ငံသည် ဒီမိုကရေစီ ခေတ်တစ်ခေတ်ဆီသို့ ဦးတည်ပျံသန်းလျက်ရှိသည်။ နိုင်ငံသစ်၏ ပြုပြင် ပြောင်းလဲ လာသော မူဝါဒအသစ်များကြောင့်လည်းကောင်း၊ ထောင်စုနှစ် စီမံကိန်း ၏ မူဝါဒတစ်ခုဖြစ်သော လူသားအရင်းမြစ် ဖွံ့ ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ဆောင်ချက်များကြောင့်လည်း ကောင်း၊ မြန်မာ့အစိုးရ အသစ်၏ဥရောပနိုင်ငံများအဖွဲ့ အစည်းအပါအ၀င်   နိုင်ငံတကာရေးရာ ဆက်ဆံရေးများ ပြေပြစ် ချောမော လာသော ကြောင့်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းတော်တော်များများမှ မြန်မာနိုင်ငံရှိ လူသား အရင်းမြစ် တိုးတက်ရေးအတွက် အဓိကဖြစ်သော ပညာရေး ဖွ့ံဖြိုးတိုးတက်ရေးအတွက် ပညာသင် အထောက်အပံ့များစွာ ပေးအပ်လျက်ရှိနေပါသည်။ဤအချိန်အခါတွင် နိုင်ငံတကာမှ ပြည်တွင်းပြည်ပ အဆင့်မြင့် တက္ကသိုလ်များတွင် ပညာသင်ကြားလိုသော မြန်မာနိုင်ငံရှိ ကျောင်းသူ၊ ကျောင်းသားများအား ပညာရေးနယ်ပယ်အသီးသီး တွင် ပညာသင်ကြားနိုင်စေရန် ပညာသင်စရိတ် စကောလားရှစ် များ ထောက်ပံ့ပေးအပ်သော အခွင့်လမ်းများဖြစ်ထွန်းလျက်ရှိနေပါသည်။ Erasmus Myanmar Network (facebook) တွင် စကောလားရှစ် သတင်းအချက်လက်များအား ရယူနိုင်သော်လည်း စကောလားရှစ် လျှောက်ရာတွင်  ပြီးပြည့်စုံစွာ ဖော်ပြနိုင်ခြင်းမရှိသဖြင့်လည်းကောင်း၊ ဥရောပသို့ လာရောက်ပါက ရောက်ရှိ နေပြီးသော မြန်မာ့မိတ်ဆွေများမှ တဆင့် ဗဟုသုတများ ရယူနိုင်စေရန်အတွက် လည်းကောင်း ရည်သန်သော စိတ်ကူးများစွာဖြင့် ယခုဘလော့ဂ်အား ဖန်တီးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံရှိ ကျောင်းသား ကျောင်းသူများနှင့်နယ်ပယ်အသီးသီးမှ ပညာသင်ကြားလိုသောမိတ်ဆွေများသည် စကောလား ရှစ် လျှောက်ရန် အခက်ခဲများစွာ ရှိနေပေလိမ့်မည်။ ထိုအရေးကို ရှေးရှူးလျက် ပညာသင်ကြား လိုသော မည့်သည့်မြန်မာနိုင်ငံသား မဆို စကောလားရှစ် အခွင့်လမ်းများကို လက်မလွှတ် သွားစေရန် လည်းကောင်း၊ အခက်ခဲများအား အတွေ့ အကြုံများမှတဆင့်ပညာဗဟုသုတ ယူလျက် ကျော်လွှားသွား နိုင်စေရန်လည်းကောင်း၊မြန်မာ့ပညာသစ်ခေတ်တစ်ခုဆီမှသည် မြန်မာ့နိုင်ငံဖွံ့ ဖြိုး တိုးတက်စေရန် ရည် သန်လျက် ဤဘလော့ဂ်အား ပြုလုပ်လိုက်ရခြင်း ဖြစ်ပေသည်။