အားလုံးပဲ မင်္ဂလာပါ
Erasmus Mundus စကောလားရှစ်
ကို လျှောက်ထားပြီး ဥရောပ တကကသိုလ်များတွင် ပညာသင်ကြားလိုကြသော မြန်မာနိုင်ငံအပါအ၀င်
အရှေ့ တောင်အာရှ ဒေသတွင်းရှိ ကျောင်းသူ/သားများအတွက် စကောလား ရှစ် ၀က်ဆိုဒ်တစ်ခုကို
ထပ်မံ မိတ်ဆက်ပေးလို ပါသည်။
မြန်မာနိုင်ငံအတွက် အထူးတလှယ်
အခွင့်ရေးပေးပြီး မြန်မာကျောင်းသူ/သား စကောလား ရှစ် လျှောက်ထားနိုင်ရန် အခွင့်ပေးခဲ့သော
lotus ပရောဂျက်၏ coordinatorဖြစ်သော Mrs.Inge ကိုလည်း များစွာ ကျေးဇူးတင်ရှိပါသည်။
ယခင်က မြန်မာနိုင်ငံသားများလျှောက်ထားနိုင်သော
lotus plus ၀က်ဆိုဒ် သည် ယခုနှစ်မှ စတင်ပြီး Staff Exchange အတွက်တစ်ခုတည်းသာ လျှောက်ထားနိုင်တော့မည်
ဖြစ်ပါ ကြောင်း ပဏာမ ပြောကြားလိုပါသည်။
ယခု နှစ် ထပ်မံ ပြုလုပ်လိုက်သော
IMPAKT သည် မြန်မာနိုင်ငံသား အားလုံး လျှောက်ထားချင်သော Bachelor, Master, PhD,
Staff များကို လာမည့် စာသင်နှစ်မှ စတင်ပြီး လျှောက်ထားနိုင်တော့မည် ဖြစ်ပါကြောင်း
ဖော်ပြခြင်းဖြင့် မိတ်ဆက် ရပေသည်။
အသေးစိတ် ကြည့်ရှူ့ လိုပါက
အောက်ပါ ၀က်ဆိုဒ်လင့်တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။
http://www.impakt-asia.eu

No comments:
Post a Comment