Useful Links (Facebook)

Wednesday, April 1, 2015

WWF & EFN


မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဇီဝမျိုးကွဲအပေါများဆုံးနှင့် ဂေဟဆိုင်ရာ ထုတ်လုပ်အားအကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၎င်း၏ ကြွယ်ဝသည့် သဘာဝအရင်းအမြစ်များသည် အစိုးရ၏ စီးပွားရေးအရ လုံခြုံပြီး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ပတ်ဝန်းကျင်ရှိသော အနာဂတ်မျှော်မှန်းချက်၏ အခြေခံ အကြောင်းတရားများဖြစ်သည်။ သို့သော် ထိုမျှော်မှန်းချက်အား လွယ်ကူစွာ ရရှိနိုင်မည် မဟုတ်ပါ။ မြန်မာနိုင်ငံ၏ သဘာဝချမ်းသာကြွယ်ဝမှုသည် မကြုံဘူးသေးသော ဖိအားများနှင့် ရင်ဆိုင်နေရပြီ၊ စီးပွားရေးပိတ်ဆို့အရေးယူမူများ အဆုံးသတ်လိုက်ခြင်းကြောင့် ကြီးမားသည့် အတိုင်းအတာ ဖြင့် ရင်းနှီးမြှပ်နှံမှုများ စီးဝင်လာခြင်းနှင့် အတူ ပေါ်ပေါက်လာမည့် ဖွံ့ ဖြိုးရေး ဆိုင်ရာ ဆုံးဖြတ်ချက်များ သည် တိုင်းပြည်၏ စီးပွားရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အနာဂတ် ကို အခြေခံအားဖြင့် ပုံဖော်သွားမည် ဖြစ်သည်။
***၄၅% သစ်တောများသည် မြန်မာနိုင်ငံ၏ မြေဧရိယာ ထက်ဝက်နီးပါးကို ဖုံးအုပ်လျှက်ရှိနေသော်လည်း သစ်တောပြုန်းတီးမူ သည် လက်ရှိနှုန်းအတိုင်းဆက်သွားနေပါက ၎င်းသစ်တောများ လျင်မြန်စွာ ပျောက်ကွယ်သွားလိမ့်မည်ဟု တွက်ဆနိုင်သည်။***
Russell E. Train Education for Nature Program
ထိန်းသိမ်းစောင့်ရှောက်သူတို့အတွက် ငွေကြေးအထောက်အပံ့ အခွင့်အလမ်းများ
Train Fellowships
ပထမဦးစွာ မိတ်ဆက်ပြောကြားလိုသည်အချက်မှာ - ကမ္ဘာ့ ထိပ်သီး တက္ကသိုလ်ကြီး များတွင် အဆင့်မြင့် ပညာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး ဘာသာရပ်ဖြင့် တက်ရောက်သင်ကြားလိုကြသော သူများအတွက် ထောက်ပံ့သော အထောက်အပံ့ ဖြစ်ပါသည်။ အထောက်အပံ့ အပ်နှင်းခံရသူသည် အများဆုံး နှစ် နှစ်သင်တန်းတစ်ခု အတွက် ပညာရေး အသုံးစရိတ် အနေဖြင့် တစ်နှစ်ကို အမေရိကန် ဒေါ်လာ 30000 အထိ ရရှိနိုင်ပါသည်။ ပညာသင်ကြားမူ သင်တန်းများ ပြီးဆုံးသွားပါက အထောက်အပံ့ ရရှိသူသည် ထိန်းသိမ်းစောင့်ရှောက်ရေးနယ်ပယ်တွင် အလုပ်ရရှိမည် ဖြစ်ပြီး (အနည်းဆုံး ၂ နှစ်) အလုပ် လုပ်ရန် မိမိတို့၏ နေရပ် မိခင်နိုင်ငံသို့ ပြန်ရမည် ဖြစ်သည်။

Professional Development Grants
အသက်မွေးကျွမ်းကျင်ပညာရှင်များ၏ ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့ များသည် လုပ်ငန်း ပိုင်းဆိုင်ရာ အရည်အသွေး မြင့်မားစေရန် နှင့် ထိရောက်သော ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ အတွက် လိုအပ်သော ကျွမ်းကျင်မူ မြှင့်တင်ပေးသော ဘွဲ့ ရ သင်တန်းများအတွက် မဟုတ်သော ရေတို အထောက်အပံ့ များ ဖြစ်သည်။ ပုံမှန်အားဖြင့် သင်တန်းများသည် ၆ လ အောက်သာ ဖြစ်ပြီး၊ အလုပ်သို့ ပြန်သွားသော သင်တန်းတက်ရောက်သူများအတွက် သူတို့၏ အဖွဲ့ အစည်း အတွင် အရည်အသွေး ပြည့်မှီအောင် တည်ဆောက်ပေးသော ကျွမ်းကျင်မူ အသစ် ၊ စွမ်းဆောင်ရေး အသစ်များအတွက် ကူညီပေးပါသည်။ ၎င်းအထောက်အပံ့သည် သင်တန်းကုန်ကျစရိတ် 6500 US $ အထိ ရှိသော သင်တန်းများအား ပေးအပ်ထောက်ပံ့ပါသည်။
Workshop Grants
အလုပ်ရုံဆွေးနွေးပွဲ အထောက်အပံ့များသည် အဖွဲ့ အစည်း များ အနေဖြင့် နယ်ပယ်အသီးသီးမှ အရေးကြီးသော ပုဂ္ဂိုလ်များ၊ ကွန်မျူနီတီ အသင်းအဖွဲ့ အစုအစည်းများ နှင့် တခြားသော ဒေသတွင်း၊ နယ်ပယ် အတွင်းရှိ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူများအား သင်ကြားပြသပေးစေ ရန် အတွက် ထောက်ပံ့သော အထောက်အပံ့များဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲ များသည် WWF ၏ အဓိကလုပ်ဆောင်သော ရွေးချယ် နိုင်ငံများ ရှိ နေရာ ဒေသတွင် ရှိသော လူများအတွက် အရည်အသွေးမြှင့် တည်ဆောက်ရေးလုပ်ငန်းများ ဖြစ်မြောက်စေရန် အတွက် လုံလောက်သော သင်ကြားပြသမူ အစိတ်အပိုင်းများ ပါဝင်ရမည် ဖြစ်သည်။ အဖွဲ့ အစည်းများအနေဖြင့် အမေရိကန် ဒေါ်လာ 7500 US $ အထိ အထောက်အပံ့ တောင်းခံနိုင်ပါသည်။
www.worldwildlife.org/efn

3 comments:

  1. I am really interested in train fellowship programme .Could I know how can I join this link,please...

    ReplyDelete
    Replies
    1. https://www.worldwildlife.org/initiatives/russell-e-train-fellowships

      Delete
  2. https://www.worldwildlife.org/initiatives/russell-e-train-fellowships

    ReplyDelete