စကောလားရှစ်လျှောက်နေကြသော ကျောင်းသူ/သား တော်တော်များများက Legalization of Documents နဲ့ပတ်သတ်ပြီး မေးလာသဖြင့် ကျွန်ပ်ထင်မြင်ချက် များအား ရေးသားတင်ပြအပ်ပါသည်။
နိုင်ငံခြားတက္ကသိုလ် တစ်ခုခု တွင် final admission letter ကို လျှောက်ထား၇န် အတွက် တက္ကသိုလ် တော်တော်များများက Legalization of Documents ကို တောင်းခံပါသည်။ ထိုစာရွက် စာတမ်းများကို အောက်ပါအဆင့် (၅) ချက်ဖြင့် ပြီးစီးအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။
အဆင့် (၁)
မိမိ၏ မြန်မာနိုင်ငံ တက္ကသိုလ် တစ်ခုခု တွင် တက်ရောက်ရရှိဖူးသော ဘွဲ့ လက်မှတ်များ ၊ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ လက်မှတ်များ၊ တချို့ online application လျှောက်စဉ် အခါက မိမိ၏ တက်ရောက်ခဲ့သော ပညာရေးအဆင့် ဘွဲ့ လက်မှတ်များ အဓိက ရည်ညွန်းခြင်းဖြစ်ပါသည်။ ထို့ပြင် တချို့ တက္ကသိုလ်များက နိုင်ငံသားစိစစ်ရေး ID ကဒ်များ၊ နိုင်ငံရေး သို့မဟုတ် ပြစ်မူကင်းရှင်းကြောင်း ထောက်ခံစာများ ကို ပူးတွဲတောင်းဆိုပါသည်။ လိုအပ်သော စာရွက်စာတမ်း အချို့ ကို သည်တွင် ဖော်ပြအပ်သည်။
- (Diploma and/or BA and/or B.Sc and/or M.Sc and/or Ph.D ) ဘွဲ့ အထောက်အထားများ
- အထက်ပါဆိုခဲ့သော ဘွဲ့ နှင့် စပ်လျဉ်းသော Transcript and Grade Point Average များ
- National ID (နိုင်ငံသားဖြစ်ကြောင်း အသိမှတ်ပြု ခြင်း)
- Criminal Record (ပြစ်မူကင်းရှင်းကြောင်း)
- etc...
ထိုစာရွက်စာတမ်းများကို ယူဆောင်ပြီး Notary ဘာသာပြန်ပေးသော (ရန်ကုန်/မန္တလေးမြို့ ကြီးများ) ကျွမ်းကျင်သော ဘာသာပြန်နှင့် ရှေ့ နေ၏ အသိအမှတ်ပြုခြင်း စာရွက်များ ပြုလုပ်ရမည်။
အဆင့် (၃)
ဒုတိယအဆင့် ပြီးစီးပါက နိုင်ငံခြားရေးရာ ၀န်ကြီးဠာန (နေပြည်တော် or ရန်ကုန်) ၏ အသိအမှတ်ပြု ခြင်း (လက်မှတ်၊ စည်းတံဆိပ် ) ခံယူရမည်။
အဆင့် (၄)
ထို့နောက်တွင် မိမိတက်ရောက်လိုသော တက္ကသိုလ်မှ ခွင့်ပြုသော သံရုံး (နိုင်ငံတော် သံရုံးခွဲ..e.g Embassy of Belgium, Bangkok, Thailand) သို့ သံရုံးလိပ်စာမူပြီး အသိအမှတ်ပြု ခြင်း (လက်မှတ်၊ စည်းတံဆပ် ) ခံယူရမည်။ (check out whether it is available via postal mail or not) ထို့နောက် မိမိအား ထိုသက်ဆိုင်ရာ သံရုံးမှ ပြန်လည် ပို့ဆောင်ပေးစေရန် မိမိ၏ နေရပ်လိပ်စာကို လျှောက်လွှာတွင် စာလိပ်မူ (address) ထားရှိရမည်။
အဆင့် (၅)
နောက်ဆံုး အဆင့်အနေဖြင့် လက်ခံရရှိပြီးသော Legalization of Documents များနှင့်တကွ ၊ သက်ဆိုင်ရာ ကျောင်း၏ လိုအပ်သော တခြားသော စာရွက်စာတမ်းများကို ပါ ပူးတွဲ ပြီး သက်ဆိုင်ရာ တက္ကသိုလ် ကျောင်းသို့ အချိန်မီ ပို့ဆောင်ရမည်ဖြစ်သည်။
(လိုအပ်ပါက ထပ်မံမေးမြန်း ဆွေးနွေးနိုင်ပါသည်)။









