Useful Links (Facebook)

Tuesday, October 14, 2014

Recommendation Letter ဘယ်သူ့ဆီက တောင်းရမလဲ။


Scholarship အများစုကတော့ Recommendation or Referee Letter နှစ်စောင် (သို့) သုံးစောင် တောင်းလေ့ ရှိပါတယ်။ အလုပ်ခွင် အတွေ့အကြုံရှိသူများကတော့ လွယ်တာပေါ့။ မရှိသူများကတော့ YAU က ဆရာကြီး၊ ဆရာမကြီးများကိုဘဲ အကူအညီတောင်းခံရမှာပေါ့။ ဆရာကြီး၊ ဆရာမကြီးများက အလုပ်အရမ်းရှုပ်ကြတာနော်။ အကောင်းဆုံးကတော့ ကိုယ်အရင်းနှီးဆုံး ကိုယ့်ပါမောက္ခဆီကို အရင်သွားပါ။ သွားတဲ့ အချိန်မှာ ကိုယ်ရဲ့ CV, Certificates, ဘွဲ့လက်မှတ်၊ Scholarship အတွက် သတင်း အချက်အလက် အပြည့်အစုံ ယူသွားပါ။ ဆရာကြီး၊ ဆရာမကြီးများရဲ့ အချိန် မကုန်ပါစေနဲ့။ ဆရာကြီး၊ ဆရာမကြီးများက ရေးပေးမယ်ဆိုရင် ကျောင်းသားရေးရာ ဌာနကို အရင်သွားပြီး လျှောက်လွှာဖြည့်မယ်။ ဆရာကြီး၊ ဆရာမကြီးများဆီမှာ လက်မှတ်ထိုးပြီးရင် ငွေကိုင်ဌာနမှာ ပိုက်ဆံ သွင်းရမယ်။ ဆရာကြီး၊ ဆရာမကြီးများ အားတဲ့အချိန်ဆိုရင် ရပြီပေါ့။ Recommendation or Referee Letter ရေးပေးသူက ဌာနတစ်ခုရဲ့ အကြီးဆုံးဆီက ရခဲ့ရင် Scholarship လျှောက်ရာမှာ အမှတ်ပိုရတယ်။ ဦးစားပေး ခံရလေ့ရှိတယ်။ ဒီလို Recommendation Letter ကို ရက်ရက်ရောရော ရေးပေးတတ်တာ ကျွန်တော်တို့ YAU က ဆရာကြီး၊ ဆရာမကြီးများရဲ့ စေတနာ၊ မေတ္တာတွေပါ။ နိုင်ငံခြားမှာ ဒီလို ရဖို့ မလွယ်ပါဘူးဗျ
 (ကောင်းမြတ် ၂၀၀၂-YAU)

No comments:

Post a Comment